ဦးရဲလွင်

Listing Description

၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မန္တလေးမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် (မန္တလေး)သို့ တက်ရောက်ပညာသင်ကြားခဲ့ကာ ၁၉၇၉ ခုနှစ်တွင် ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ မျက်စိအထူးကု မဟာဘွဲ့တန်းကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိသင်ကြားခဲ့သည်။

ဆေးတက္ကသိုလ် (မန္တလေး)တွင် မျက်စိဌာနမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးရဲလွင်သည် မန္တ​လေးမြို့ အ​နောက်ပြင်တွင် ကိုယ်ပိုင်မျက်စိ​ဆေးခန်းတစ်ခုအား ဇနီးသည်နှင့်အတူ ဖွင့်လှစ်ထားသည်။ ၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအပြီး ​သူငယ်ချင်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် မန္တ​လေးတိုင်းဝန်ကြီးချုပ်ဖြစ်လာပြီး​နောက် ​ဒေါက်တာရဲလွင်အား မြို့​တော်ဝန်အဖြစ် ထမ်း​ဆောင်ရန် ကမ်းလှမ်းခဲ့သည်ကို ၃ ကြိမ်တိုင် ငြင်းဆိုပြီးမှ လက်ခံခဲ့သည်ဟု သိရသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၅ရက်နေ့တွင် သမ္မတဦးထင်​ကျော်မှ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊​ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊​ မန္တလေးမြို့တော်ဝန် အဖြစ် ခန့်အပ်ခဲ့သည်။

မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း မန္တလေးမြို့ကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ စမတ်စီးတီး ဖြစ်လာနိုင်ဖွယ်ရှိသော မြို့ (၁၀) မြို့စာရင်းတွင် မန္တလေးမြို့မှာ အဆင့် (၅) နေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။