ဉာဏ်ဦးမောင် (ခေါ်) အရှင်ဉာဏိက

Listing Description

- ၁၉၆၄ ဖေဖော်ဝါရီ ၁၁ တွင် ဦးအုံးမောင်၊ ဒေါ်နှင်းရည်တို့က ဖလံဂုဏ်ရွာ ၊ ရေဦးမြို့နယ်တွင် မွေးဖွား။

- ရွာဦးကျောင်း ဆရာတော် ဦးကေသရ၊ ဦးသုမနတို့ထံက အခြေခံ သင်ပုန်းကြီး၊ ဘာသာရေးနှင့် စာပေများ သင်ယူခဲ့။

- ၁၃ နှစ်တွင် ရှင်သာမဏေ အဖြစ် ခံယူ။

- ရေဦးမြို့ ချမ်းသာကြီးတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တို့တွင် ပရိယတ္တိ ကျမ်းစာများ သင်ယူ။

- ရန်ကုန် မဟာစည် သာသနာ့ရိပ်သာနှင့် ပဏ္ဏိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာတို့တွင် ဝိပဿနာ တရားတော်များ ပွားများခဲ့။

- ၁၉၉၆ ဝန်းကျင် အတွေးအမြင် စာစဉ်ပါ 'စေတနာ မမှန်သော စေတနာစကား' ဆောင်းပါးဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့။

- အတွေးအမြင်၊ ရွှေအောင်လံ၊ ရနံ့သစ်၊ ကလျာ၊ အပ္ပမာဒ၊ ဓမ္မရတနာ၊ ရတနာမွန်၊ သာထွန်းပြန့် စာစောင်များတွင် အခါအားလျော်စွာ ဘာသာရေး၊ လူမှုရေးနှင့် အတွေးအမြင် ဆောင်းပါးများ ရေးသားခဲ့။

- ၂၀၀၂ တွင် 'ကမာ္ဘကြီး ငြိမ်းချမ်းပါစေ' အမည်ဖြင့် ဆောင်းပါးပေါင်းချုပ် စာအုပ်ထုတ်ဝေ။

- ၂၀၀၇ တွင် 'မကြီးရင့်သေးပေမယ့် အသီးအပွင့်လေးတွေနဲ့ ဝေဆာနေခဲ့သူ' ဆောင်းပါးပေါင်းချုပ် စာအုပ် ထုတ်ဝေ။

- ပြည်တွင်း ပြည်ပထုတ် စာစောင်များ၊ အင်တာနက် စာမျက်နှာတို့တွင် အခါအားလျော်စွာ စာရေးသားလျက် ရှိ။

- ကယ်လီဖိုးနီးယား ဆန်ဟိုဇေးစတိတ် ယူနီဗာစီတီတွင် စိတ်ပညာ အထူးပြု ဘာသာရပ်ဘွဲ့ တက်ရောက် သင်ကြားလျက် ရှိ။

- ၁၉၉၉ မှ ယနေ့တိုင် အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာတွင် သီတင်းသုံး တရားဟော၊ တရားပြလျက် ရှိ။