မုံတိုင်ပင်ကျောင်းတိုက်

Listing Description

မုံတိုင်ပင်ကျောင်းတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာတွင် တည်ရှိသော ကုန်းဘောင်ခေတ် ကျမ်းပြုအကျော် ပထမ မုံတိုင်ပင်ဆရာတော် အရှင်ဝံသပါလ မဟာထေရ် တည်ထောင်ခဲ့သော ကျောင်းတိုက်ဖြစ်ပါသည်။ မုံတိုင်ပင်ဆရာတော် အရှင်ဝံသပါလမဟာထေရ်သည် စဉ့်ကူးမင်းလက်ထက်မှ မင်းတုန်းမင်းလက်ထက်အထိ ကုန်းဘောင်မင်းဆက် ၇ ဆက် မီခဲ့ပြီး ဆရာတော်ဦးဗုတ်၊ တတိယ မောင်းထောင်ဆရာတော်ဘုရားကြီးတို့နှင့် ခေတ်ပြိုင်ဖြစ်ကြောင်း သိရသည်။ မုံတိုင်ပင်ကျောင်းတိုက်အတွင်း ဆရာတော်ကြီး တည်ထောင်ထားခဲ့သည့် ပဋိကတ်တိုက်၊ ခေါင်းလောင်းကြီးများ၊ စေတီပုထိုးများနှင့် ဆရာတော်ကြီးရေးသားထားခဲ့သည့် ကျမ်းစာများကို တွေ့မြင်လေ့လာနိုင်ပြီး ဆရာတော်ကြီး ရေးသားထားသည့် ကျမ်းပေါင်း ၁၀၀ ကျော်အနက် ကျမ်းပေါင်း ၄၀ ကျော်သာ ကျန်ရှိပါသည်။