မယ်နုအုတ်ကျောင်း (ရေဦး)

Listing Description

ကုန်းဘောင်ခေတ် ဘကြီးတော် (စစ်ကိုင်းမင်း)၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ကောင်းမှုဖြစ်သော နန်းမတော်မယ်နုအုတ်ကျောင်းကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မြင်းပေါက်ရွာနှင့် ဝက်ဖိုးရွာအကြား တွင်တည်ရှိပါသည်။ အုတ်ကျောင်းကြီးကို ဝက်ဖိုးရွာသား အကြီးတော်မင်းဦးတေက နန်းမတော်မယ်နုထံ ငွေတိုက်စိုးအဖြစ် မင်းမှုထမ်းစဉ် နန်းမတော်မယ်နု၏ စေခိုင်းချက်အရ တည်ဆောက်ခဲ့သည်ဟု သိရပါသည်။ အုတ်ဖြင့် တည်ဆောက်ထားသဖြင့် အုတ်ကျောင်းဟု အမည်ခေါ်တွင်ကာ အင်းဝရှိ မယ်နုအုတ်ကျောင်းနှင့် မတူသည်မှာ ယခုအုတ်ကျောင်းကြီး၏အလယ်တွင် တိုင်လေးတိုင် ပါရှိပါသည်။ ယခုအခါ ထိုအုတ်ကျောင်းကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ထားပါသည်။ ဝက်ဖိုးရွာအနီးတွင်လည်း ရှေးဟောင်းဘုရားစေတီများ၊ အုတ်ပြဿဒ်လိုဏ်သုံးဘက်ဖြင့် တည်ထားသော ပြဿဒ်များ၊ ခေါင်းလောင်းကြီးများ တည်ရှိနေပြီး ထိုဘုရားစေတီများကို ဘကြီးတော် (စစ်ကိုင်းမင်း)လက်ထက် ရွှေတိုက်စိုး ရဲလှရွှေတောင်ကျော်စွာဘွဲ့ရ ဦးနေက ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု သိရပါသည်။