လင်းအောင်ခေတ်

Listing Description

၁၉၉၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဗဟန်းတွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် မှ Mechanical Power ဘွဲ့ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ချိုကြီး၏ Super Star Models Agency သို့ တက်ရောက်ခဲ့သည်။ ထို့နောက် မော်ဒယ်လ်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Mr. Thingyan 2014 နှင့် Kpop Award 2015 ဆုများ ရရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) ရိုက်ကူးသော “အချစ်ရောင်းသည် ဝယ်သည် ပြုပြင်သည်” ဇာတ်ကားတွင် သရုပ်ဆောင် နေမင်း၊ ယဉ်လတ်တို့နှင့်တွဲဖက်၍ သရုပ်ဆောင်ခဲ့သည်။ ဒုတိယမြောက် ဇာတ်ကားဖြစ်သော “Star of Future” ဇာတ်ကားတွင် ဇေရဲထက်၊ ဆုအိမ့်စံ တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ကျားစာ၊ Kiss Me၊ You စသည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် “တစ်ခုလပ်” ရုပ်ရှင်ဇာတ်ကားကြီးတွင် တိုင်ရွန်ဘီဂျေ၊ အောင်လေး၊ လင်းဇာနည်ဇော်၊ ခင်ဇာခြည်ကျော်၊ မျိုးသန္တာထွန်းတို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး “လူဆိုးလေးများ၏ နတ်မိမယ် ၂” တွင် ဇေရဲထက်၊ ပိုင်တံခွန် ၊ အောင်လေး၊ ပက်ထရစ်ရှာ တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်တွင်ပင် Media 7 မှထုတ်လုပ်သော “လိပ်ပြာခေါင်မိုး” mini web series တွင် တိုင်ရွန်ဘီဂျေ၊ ရတနာဖြူဖြူအောင်၊ သီရိကျော်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။