ရေဆင်းသစ်တောတက္ကသိုလ်

Listing Description

သစ်တောတက္ကသိုလ်သည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းမ နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့၏ အရှေ့ဘက်၌ တည်ရှိသည်။ ရေဆင်းသစ်တောတက္ကသိုလ်ကို ဇေယျာသီရိမြို့နယ်၊ နေပြည်တော်တွင် ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ တက္ကသိုလ်အကျယ်အဝန်းမှာ ၁၃၇ ဧက ကျယ်ဝန်းပါသည်။ ၁၉၈၅ ခုနှစ်တွင် သစ်တောပညာဌာနကို ရန်ကုန်တက္ကသိုလ်မှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သစ်တောတက္ကသိုလ်အား သီးခြားတက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ကျောင်းသူများ စတင်ခေါ်ယူ သင်ကြားခဲ့သည်။