သူဇာဝင့်လွင်

Listing Description

၁၉၉၈ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ Candy ဟုလည်း လူသိများသည်။ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာရပ်ကို လေ့လာသင်ကြားခဲ့သည်။ မောင်နှမသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်ပြီး အစ်ကိုတစ်ယောက်နှင့် အစ်မဖြစ်သူ အဆိုတော် မေ တို့ ရှိသည်။

၂၀၂၀၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပသော Miss Universe Myanmar 2020 ပြိုင်ပွဲတွင် ဟားခါး ကိုယ်စားပြုအနေဖြင့် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိပြီး ယခင် ၂၀၁၉ မယ်စကြဝဠာ သရဖူပိုင်ရှင်ဟောင်း မဆွေဇင်ထက်က သူမအား ၂၀၂၀ မယ်စကြဝဠာမြန်မာ အဖြစ် သရဖူဆောင်းပေးခဲ့သည်။ ယင်းပြိုင်ပွဲတွင် Miss Photogenic ၊ Miss Healthy Skin ၊ Miss Dentiste Award နှင့် Best in Evening Gown တွင်အကောင်းဆုံးဆုများ ရရှိခဲ့သေးသည်။

ဟောလိဝုဒ်၊ ဖလော်ရီဒါတွင် ကျင်းပသော Miss Universe 2020 တွင် မြန်မာနိုင်ငံကိုယ်စား ပြုအနေဖြင့် ချင်းအမျိုးသမီးဝတ်စုံ ဝတ်ဆင်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Top 21 စာရင်းဝင်ခဲ့ပြီး ထိုဝတ်စုံမှာလည်း အကောင်းဆုံးအမျိုးသားဝတ်စုံဆု ရရှိခဲ့သည်။