Rဇာနည်

Listing Description

၁၉၇၈-ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ရန်ကုန်၌ မွေးဖွားသည်။ အမည်ရင်းမှာ ဇာနည်မျိုးညွန့် ဖြစ်သည်။ ပညာအရည်အချင်းမှာ ဆယ်တန်းဖြစ်သည်။

လေဆိပ်တွင် အလုပ်လုပ်ဖူးသည်။ ထို့နောက် သင်္ဘောလိုက်ရန် လုပ်ရင်းနှင့် အဆိုတော်ဖြစ်သွားသည်။ လက်ဦးဆရာမှာ ဂီတမှူး ကိုသန်းဌေး(တာမွေ) ဖြစ်သည်။

Rဇာနည်၊ အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချမ်း၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာရော စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။ နောက်ပိုင်းတွင် R ဇာနည်သည် ACID အဖွဲ့မှ ခွဲထွက်ကာ တစ်ကိုယ်တော် အဆိုတော်အဖြစ်ရပ်တည်ခဲ့သည်။ မိုးလင်းသွားတဲ့ညများ၊ ရပ်တန့်မရဘူး၊ အလိုအပ်ဆုံး၊ မင်းအတွက်၊ ယဉ်ယဉ်လေးရူး အစရှိသည့်သီချင်းများမှာ နာမည်ကြီးခဲ့ပြီး "ယဉ်ယဉ်လေးရူး" သီချင်းမှာ ပရိတ်သတ်များအကြား ရေပန်းစားခဲ့သည်အထိ အောင်မြင်ခဲ့သည်။

City FM မှချီးမြှင့်သော Most popular male recording artist award ဆုရရှိခဲ့သည်။ အဆိုတော်အဖြစ် နာမည်မရခင်ကတည်းက အိမ်ထောင်ရှိသည်။ ဇနီးသည်အမည်မှာ ဝမ်း ဖြစ်ပြီး သား ချစ်ချစ်တုန်၊ ဖစ်ဖစ်တုန်နှင့် သမီးမစ်မစ်တုန် တို့မွေးဖွားသည်။

The Voice Myanmar Season 3 တွင် Coach တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။

သီဆိုခဲ့သော တေးစီးရီး

ငါ့ကိုချစ်တဲ့သူ

စည်းတစ်ဖက်ခြား

အဆိပ်တက် အိပ်မက်

လမင်းသို့ (Rဇာနည် + မီးမီးခဲ)

အချစ်ရဲ့ဆု (Rဇာနည် + တင်ဇာမော်)