ဥက္ကလာပစေတီတော်

Listing Description

ဥက္ကလာပစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် တည်ရှိသည်။ စေတီတော်ကြီးကို ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်၏ဝတ္ထုကံမြေအလှူဒါန၊ အများပြည်သူတို့၏ငွေဒါန စုပေါင်းလှူဒါန်းမှုများဖြင့် တည်ထားခဲ့ပြီး ဉာဏ်တော်အမြင့် ၁၀၈ ပေ ရှိပါသည်။ စေတီတော်ကြီး၏ အရှေ့မြောက်ထောင့်တွင် ရွှေဘိုမြို့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဘူမိနက်သန်ကိုးဌာန မင်္ဂလာအောင်မြေများကို ပင့်ဆောင်၍ တည်ဆောက်ထားသော ဥက္ကလာပစေတီတော်ကြီး၏ အောင်မြေဌာနရှိပါသည်။