ယုဒသန်၏ ပထမနှစ်ခြင်းဘုရားရှိခိုးကျောင်း (First Baptist Church)

Listing Description

မော်လမြိုင်မြို့ရှိ (First Baptist Church)သည် ပထမဆုံး နှစ်ခြင်းဘုရားရှိခိုးကျောင်းဖြစ်သည်။ ယင်းဘုရားကျောင်းကို ၁၉ ရာစုအစောပိုင်းက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ခန့်နေထိုင်သွားသည့်   အမေရိကန်လူမျိုး Bible ကို မြန်မာလိုဘာသာပြန်ခဲ့သော ဆရာယုဒသန်က ၁၈၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပါသည်။ ယခုအခါ ယင်းဘုရားကျောင်းအဆောက်အဦးကို အမေရိကန်နိုင်ငံမှ ကမ္ဘာရှေးဟောင်း အဆောက်အအုံ ရန်ပုံငွေအဖွဲ့(WMF) နှင့် မြန်မာနိုင်ငံကျွမ်းကျင်ပညာရှင်တို့ ပူးပေါင်းပြီး ရှေးမူမပျက် ပြုပြင် ထိန်းသိမ်းထားပါသည်။