သန်လျင်ရေနံချက်စက်ရုံ

Listing Description

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိရေနံချက်စက်ရုံကြီးသည် ၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှသိမ်းပိုက်ခဲ့ပြီး ၂၀ ရာစု အစောပိုင်းကာလကတည်းက စတင်တည်ဆောက်ခဲ့သည့် စက်ရုံကြီးဖြစ်ပါသည်။ ရေနံထွက်သည့် မြန်မာပြည်အလယ်ပိုင်းနှင့် ရေလမ်းခရီးဆက်သွယ်ကာ အင်္ဂလိပ်တို့က မြန်မာပြည်၏ ပထမဆုံးရေနံချက် စက်ရုံကြီးအဖြစ် တည်ဆောက်ခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် ရေနံချက် စက်ရုံကြီးပျက်စီးသွားခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် စက်သစ်များထပ်မံတပ်ဆင်ကာ သန်လျင်နှင့် မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေကို ဆက်သွယ်သော ရေနံပိုက်လိုင်းများ အပြီး တည်ဆောက်ခဲ့သည်ဟု သိရပါသည်။