တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်

Listing Description

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော စစ်ဘက်ဆိုင်ရာဆေးတက္ကသိုလ်တစ်ခုဖြစ်ပါသည်။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အား ၂၀၀၀ ပြည့်နှစ်တွင် တပ်မတော် သူနာပြု တက္ကသိုလ် (Defence Services Institute of  Nursing) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် (Military Institute of Nursing and Paramedical Sciences) အမည်ဖြင့် ပြောင်းလဲပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ကျောင်းဌာနချုပ်ရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် စာပေဌာန၊ လေ့ကျင့် ရေးဌာနနှင့် အုပ်ချုပ်ရေး ဌာနရှိပြီး စာပေဌာနမှ စာပေပညာရပ်များကိုသင်ကြားပို့ ချပေးပြီး ဘာသာရပ်အလိုက်ဘွဲ့များဖြစ်သည့် သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ)၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့(ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ)၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (ခန္ဓာသန်စွမ်းမှုနည်းပညာ)များဖြစ်ပြီး ဘွဲ့လွန်သင်တန်းသားများအား သူနာပြုပါရဂူဘွဲ့၊ သူနာပြု မဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့(ဓာတ်ခွဲနည်းပညာ)၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့(ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ)၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့(ခန္ဓာသန်စွမ်းမှု နည်းပညာ)၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ တို့ဖြစ်ပြီး သက်ဆိုင်ရာ ပညာရပ်များအလိုက် ဘွဲ့ကြို/ဘွဲ့လွန်တက်ရောက်အောင်မြင်ခဲ့သည့် အရာရှိများအား ဆေးဘက်ဆိုင်ရာအသံလွန်လှိုင်းဖြင့်ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့၊ အထူး ကြပ်မတ်သူနာပြုစုမှု ဒီပလိုမာဘွဲ့၊ ခွဲစိတ်ခန်း သူနာပြုစုမှု ဒီပလိုမာဘွဲ့တို့အား ချီးမြှင့် အပ်နှင်းလျက်ရှိပါသည်။