စွန်ရဲအင်း

Listing Description

စွန်ရဲအင်းသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲရွာအနီးတွင် တည်ရှိပါသည်။ စွန်ရဲအင်းအတွင်းသို့ အင်းပတ်လည်မှ တောင်ကျရေများစီးဝင်သည့်အပြင် သင်းကွဲဆည်၏ ရေလွှတ်ပေးမှုနှင့်လည်း ရေဝင်ရောက်မှုရှိပါသည်။ အင်းကြီး၏ ရေပြင်အကျယ်အဝန်းမှာ ၁,၄၀၀ ဧကခန့်အထိ ကျယ်ဝန်းပြီး စွန်ရဲအင်းဒေသတစ်ဝိုက် အချင်းဝက် ၁၀ မိုင်ခန့်ရှိ စိုက်ပျိုးဧကများကို ရေပေးဝေလျက်ရှိပြီး အင်းပတ်ဝန်းကျင်မှ ဒေသခံများ ရေလုပ်ငန်းလုပ်ကိုင်နေသော အင်းကြီးဖြစ်ပါသည်။ အင်းအတွင်းပေါက်ရောက်နေသော ကြာနီ၊ ကြာဖြူ၊ ကြာပြာ၊ ပဒုမ္မာကြာပန်းအလှအပများနှင့် အင်းပတ်လည်ရှိ ပန်းချီကားတစ်ချပ်သဖွယ် လှပနေသော တောင်တန်းများကြောင့် လာရောက်လည်ပတ်သူများ များပြားလာခဲ့ရာမှ လူမှုကွန်ယက်စာမျက်နှာများတွင် နာမည်ကြီးသော အင်းကြီးတစ်အင်းဖြစ်ပါသည်။