နတ်ပေါက်ဆင်စခန်း

Listing Description

နတ်ပေါက်ဆင်စခန်းသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ အင်းတော်မြို့အနီး ကသာမြို့ အနောက်ဘက်ဆယ်မိုင်ကျော်ခန့်ကွာဝေးသော သစ်ထုတ်ရေးဒေသတွင် တည်ရှိပါသည်။ နတ်ပေါက်ဆင်စခန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ဆင်စခန်းသို့ လာရောက်လည်ပတ်သူများသည် ဆင်စီးရင်းတောတစ်ပတ် လှည့်လည်နိုင်သည့်အပြင် ဆင်များရေချိုးခြင်း၊ အစာကျွေးခြင်း၊ တုံးပေါ်လမ်းလျှောက်ခြင်း၊ ခြေမြှောက်လက်မြှောက်ပြီး ဆင်များအလှပြခြင်း စသည်တို့ကိုအနီးကပ် ကြည့်ရှုလေ့လာနိုင်ပါသည်။ ဝင်ကြေးအနေဖြင့် မြန်မာနိုင်ငံသားတစ်ဦးလျှင် ၃၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ၂၀၀၀၀ ကျပ်သတ်မှတ်ထားကာ နေ့စဉ် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆင်ပြသပြီး အစိုးရရုံးပိတ်ရက်များတွင် ညနေ ၄ နာရီအထိ ပြသပေးသည်ဟု သိရပါသည်။