ရပ်စောက်ဂူဘုရား

Listing Description

ရပ်စောက်ဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ ကျောက်ဂူဥမင်ဘုရားသို့သွားရာလမ်းထောင့်အနီးတွင် တည်ရှိပါသည်။ ထိုဂူဘုရားသည် သက္ကရာဇ် ၅၂ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်၊ တနင်္ဂနွေနေ့တွင် တည်၍ပြီးသည်ဟု ဂူဘုရားအတွင်းရှိ နံရံရေး ကမ္ပည်းမင်စာအရ သိရှိရပါသည်။ ဂူဘုရားငယ်ဖြစ်သော်လည်း ဂူဘုရားအတွင်း၌ ငါးရာ့ငါးဆယ် ဇာတ်တော် နံရံဆေးရေးပန်းချီများ ကျန်ရှိနေပါသေးသည်။ ရပ်စောက်ဂူဘုရားအတွင်းရှိ စာကြောင်းရေ ၄၅ ကြောင်းပါရှိသော နံရံဆေးရေးမင်စာကြောင့် ယင်းရပ်စောက်ဂူဘုရားသည် လူသိများထင်ရှာသော ရှေးဟောင်းဂူဘုရားတစ်ဆူဖြစ်ပါသည်။