ဘုရင့်နောင်ကုန်းမြေ

Listing Description

ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ဘုရင့်နောင်ရုပ်တု ကုန်းမြေဝန်းကျင်သည် ပါချန်မြစ်ဝမှတစ်ဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ လှမ်းမြင်ရသည့် သာယာလှပသည့် အပေါ်စီးရှုခင်းများကြောင့် မြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အမှတ်တရဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ မြို့ခံပြည်သူများ အပန်းဖြေအနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အစဉ်စည်ကားလျက်ရှိသည့် နေရာတစ်ခုဖြစ်ပါသည်။ ဘုရင့်နောင်ကုန်းမြေရှိ ဘုရင့်နောင်ရုပ်တုသည် ၁၉၉၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်တည်ဆောက်၍ ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် တွင်တည်ဆောက်ပြီးစီးခဲ့သော ကမ္ဘာသိမြန်မာပန်းပုဆရာကြီး ဦးဟန်တင်၏လက်ရာမြောက် ရုပ်တုဖြစ်ပါသည်။