ရခိုင်ရိုးမ ဆင်ဘေးမဲ့တော

Listing Description

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် နှင့် ဂွမြို့နယ်များအတွင်း တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နှင့်ထိစပ်နေသော မြေနေရာတွင် တည်ရှိပြီး ၁၇၅၅.၇၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲပါ အမိန့်အမှတ် (၁၂/၂၀၀၂) ဖြင့်စတင် တည်ထောင်ခဲ့သည်။ အဓိကကာကွယ်ထားသောသော အာရှဆင်များမှာ ၁၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ကျန်ရှိနေသော ဆင်ရိုင်းအရေအတွက်အားဖြင့် အများဆုံးဖြစ်သည်။ ထို့ပြင် အာရကန်တောလိပ်(Heosemys depressa) တို့ကိုလည်း ထိန်းသိမ်းထားသည်။ ဘေးမဲ့တောတစ်ခုလုံးကို အမြဲစိမ်းတောများ၊ bamboo brakes၊ ရွက်ကြွေတောများ ဖုံးလွှမ်းထားသည်။ အာရှဆင်၊ အင်းကျား(Clouded Leopard)၊ ကျားသစ် (Leopard)၊ ပြောင်(Gaur)၊ ကုန်းဖျံ( Common Otter)၊ မျောက်လွဲကျော်မျက်ခုံးဖြူ(Hoolock gibbon)၊ ဆတ်(Sambar Deer)၊ ဒရယ်(Hog Deer)၊ ချေ(ဂျီ) (Barking Deer)၊ ပသျှူးဝက်ဝံ(နေဝက်ဝံ)(Malaysian Sun Bear)၊ ဟိမဝန္တာ ဝက်ဝံ (လဝက်ဝံ(သို့)ဝက်ဝံရင်ခေါင်းဖြူ) (Himalayan Black Bear) စသည့် နို့တိုက်သတ္တဝါမျိုးစိတ် ၉ ခုနှင့် ငှက်မျိုးစိတ် ၁၂၃ မျိုးကို တွေ့ရှိရသည်။