မုတ္တမပင်လယ်ကွေ့

Listing Description

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း တည်ရှိသည်။ ကပ္ပလီပင်လယ်၏ အစိတ်အပိုင်းတစ်ခုထဲမှ တစ်ခုဖြစ်သည်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သော မုတ္တမကိုအစွဲပြု၍ ပင်လယ်ကွေ့ကိုလည်း မုတ္တမပင်လယ်ကွေ့ဟု သမုတ်ခဲ့ခြင်းဖြစ်သည်။ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ရန်ကုန်မြစ်တို့သည် မုတ္တမပင်လယ်ကွေ့အတွင်းသို့ အလုံးစုံစီးဆင်းသွားသည်။ မုတ္တမပင်လယ်ကွေ့သည် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း (ရမ်ဆာကွန်ဗင်းရှင်း)မှ သတ်မှတ်သည့် “ရမ်ဆာရေဝပ်ဒေသများ” ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မုတ္တမပင်လယ်ကွေ့၏ ထင်ရှားသောဝိသေသအင်္ဂါရပ်မှာ ဒီရေလွှမ်းမိုးသောကမ်းရိုးတန်းရှိခြင်း၊ ပင်လယ်ကွေ့၏အနောက်ဘက်ခြမ်းရှိ (Elephant Point) ခေါ် ဆင်ပွိုင့်ရှိ အမြင့်ဆုံးဒီရေလှိုင်းမှာ ၄-၇ မီတာအကြားရှိသည်။မျိုးစိတ်များစွာနှင့် Bryde's whaleဝေလငါးတို့ကျက်စားနေထိုင်ကြသည်။