ဥမ္မာဒန္တီအပန်းဖြေကမ်းခြေ

Listing Description

ဥမ္မာဒန္တီအပန်းဖြေကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်အတွင်း တည်ရှိပါသည်။  ဧရာဝတီသူ မွန် မင်းသမီး ဥမ္မာဒန္တီ တည်ထားခဲ့သည့် သမိုင်းဝင် ကျိုက္ကလွန်ပွန်းစေတီအနီးတွင်တည်ရှိသဖြင့် ဒေသ အစွဲပြုကာ ဥမ္မာဒန္တီကမ်းခြေဟု အမည်တွင်ခဲ့ ခြင်းဖြစ်ပြီး ကမ်းခြေကို ၂၀၁၁ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ကမ်းခြေသည် မြစ်ကမ်းဖြစ်သော်လည်း ကျယ်ပြန့်ပြီး မြေပြင်ညီညာမှုရှိခြင်း၊ အပန်းဖြေရေကူးရန် နေရာအလုံအလောက်ရှိခြင်း၊ ဈေးဆိုင်များလည်း သဘာဝ ကျူရိုး၊ ကိုင်းရိုး များကို အမိုးများ ပြုလုပ်ထားခြင်းတို့ကြောင့် သဘာဝအရသာကို ကြည့်ရှုခံစားနိုင်ပါသည်။ လက်ရှိတွင် ကမ်းခြေ၌ စားသောက်ဆိုင်များဖွင့်လှစ်ကာ ဒေသထွက် အစားအစာ၊ လက်ဆောင်ပစ္စည်းအမျိုးအမျိုး၊ လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်အမျိုးမျိုးကို ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချပေးလျက်ရှိပါသည်။