ဝါရှောင်ဆည်

Listing Description

ဝိုင်းမော်မြို့၏အရှေ့မြောက်ဘက် ၁၀ မိုင်အကွာ ဝါရှောင်ရွာအနီး နန့်မြင်းခချောင်းကိုဖြတ်ကာ တည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါဆည်အား (၁၉၆၂-၁၉၆၃) ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။ ကွန်ကရစ်ရေလွှဲဆည်ဖြစ်ပြီး အလျား ၂၇၂ ပေ၊ အမြင့် ၃၀ ပေ ရှိသည်။ ဝါရှောင်ဆည်မှ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝါရှောင်၊ ဝူယန်၊ နမ့်ဝါ၊ မဒိန်၊ ဝိုင်းမော်မြို့ပေါ်ရပ်ကွက်များ၊ မုတ်လွှဲ၊ ခတ်ချို၊ နောင်စီပေါ စသည့်ကျေးရွာများတွင်ရှိသည့် လယ်ယာမြေဧကပေါင်း ၁၁၄၄၆ ကို ရေလွှဲပေးလျက်ရှိသည်။