မျိုးကျော့မြိုင်

Listing Description

အဆိုတော်မျိုးကျော့မြိုင်ကို ၁၉၇၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ အနုပညာအလုပ်များကို ၁၉၈၆ ခုနှစ်နောက်ပိုင်းမှစ၍ လုပ်ကိုင်လာခဲ့သူဖြစ်သည်။ မြန်မာပြည်၏ Hip Hop လောကကို စတင်ခဲ့သူဖြစ်ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သူဖြစ်သည်။ Myanmar Idol ပြိုင်ပွဲ၏ ဒိုင်တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့သည်။

တေးစီးရီးများ

မိုးတွေရွာနေချိန်ခဏ (၁၉၉၂)

ကမ္ဘာကြီးအပြင်ဘက် (၁၉၉၃)

Virus 3 [ Rap `N´ Roll ] (၁၉၉၄)

Virus 3 (ဒုတိယစီးရီးနှင့်တတိယစီးရီးများမှကောင်းနိုးရာရာသီချင်းများကိုပြန်လည်ရွေးထုတ်ခြင်း) (၁၉၉၅)

အပိုင်းအစ တစ် (၁၉၉၅)

အပိုင်းအစ တစ် နှစ်ပိုင်းတစ်ပိုင်း (၁၉၉၆)

ပေါင်းစပ်ခြင်း(ဆောင်းဦးလှိုင်၊ သီရိဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉၉၆)

မျိုးကျော့မြိုင်(၂)Virus (၁၉၉၇)

အဟောင်းဆုံးတေးများ (၁၉၉၈)

သက္ကရာဇ် ၂၀၀၀ Remix (၂၀၀၀)

သတိရရင်ပြီးတာပဲ(ကဗျာဘွဲ့မှူး နှင့် တွဲဖက်၍) (၂၀၀၀)

ကျွန်တော့်နာမည်မျိုးကျော့မြိုင် (၂၀၀၁)

အကောင်းဆုံးတေးများ (၂၀၀၁)

မျိုးကျော့မြိုင်.Com (၂၀၀၂)

စားသုံးကြည့်(ဒိုးလုံး နှင့် တွဲဖက်၍) (၂၀၀၂)

လူဖြစ်ရတဲ့ဒုက္ခ (၂၀၀၃)

တကယ်မချစ်ဘဲနဲ့(ထွန်းအိန္ဒြာဗို နှင့် တွဲဖက်၍) (၂၀၁၀)

ပစ္စုပ္ပန် (၂၀၁၃)

တဘက်စွန်းဂီတ [ Mini Album ] (၂၀၁၄)

Into The Acoustic (၂၀၁၇)

A Night With Myo Kyawt Myaing (၂၀၁၈)

လူငယ်တွေ Sorry ပါ (၂၀၁၉)