ဒေါ်နန်းကြည်တောင်

Listing Description

 

ဒေါ်နန်းကြည်တောင်သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အနောက်ပိုင်းဒေသ ကျပ်ပြင်၏ တောင်ဘက်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၅၂၇၇ ပေမြင့်ပါသည်။ တောင်၏အမည်နာမတွင်လာပုံ ဒဏ္ဍာရီရာဇဝင်များအဆိုအရ ဒေါ်နန်းဆိုသော အမျိုးသမီးသည် မိမိ၏မောင်တော်စပ်သူ ငမောက်နှင့် မိသားစုအား ဘုရင်မင်းမြတ်၏ သတ်စေအမိန့်ကြောင့် မီးလောင်တိုက်သွင်း၍ ကွပ်မျက်စဉ် ဒေါ်နန်းသည် ယခုတောင်ပေါ်မှ လှမ်းကြည့်၍ ဝမ်းနည်းငိုကြွေးကာ ရင်ကွဲနာကျပြီး သေဆုံးခဲ့ရသဖြင့် ဒေါ်နန်းကြည့်တောင် နောင်တွင် ဒေါ်နန်းကြည်တောင်ဟု ခေါ်တွင်ကြကြောင်း သိရပါသည်။ တောင်ပေါ်တွင် မယ်နန်းနတ်နန်းနှင့် မယ်နန်းအမှတ်တရ လွမ်းစေတီတစ်ဆူရှိပါသည်။ တောင်ပေါ်မှ မြင်ရသော ရှုခင်းအလွန်သာယာလှပပါသည်။