ချောင်းဦးမြို့နယ်၌ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေး

Listing Description

ချောင်းဦး  နိုဝင်ဘာ  ၈

စစ်ကိုင်းတိုင်းဒေသကြီး  ချောင်းဦး မြို့နယ်၌  ယနေ့ နံနက် ၆ နာရီမှ စတင်ပြီး မဲရုံများဖွင့်လှစ်ကာ  ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပသည်။

နံနက်  ၆  နာရီတွင်     တာဝန်ကျ မဲရုံမှူးများက    မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး လွတ်လပ်၍   တရားမျှတ သော    ရွေးကောက်ပွဲဖြစ်စေရန် အတွက်     မဲရုံအဖွဲ့ဝင်များ၊     ပါတီ ကိုယ်စားလှယ်များ၊       လေ့လာ စောင့်ကြည့်သူများ၊    ဆန္ဒမဲပေးမည့် ပြည်သူများရှေ့တွင်     ဆန္ဒမဲပုံးအား ဖွင့်လှစ်ပြသပေးခဲ့သည်။    ပြည်သူများရှေ့တွင်   ချိပ်ကြိုးပိတ်ပြီးနောက် မဲဆန္ဒရှင်များ  မဲစတင် ပေးနိုင်စေရန် စီစဉ်ပေးခဲ့သည်။    ဆန္ဒမဲပေးမည့်     ပြည်သူများကလည်း      မဲရုံရှေ့တွင်           နံနက် ၅ နာရီခွဲမှစတင်ကာ စောင့်ဆိုင်း နေကြကြောင်း သိရသည်။

ဆန္ဒမဲပေးမည့် ပြည်သူများအတွက် လွတ်လပ်စွာ     ဆန္ဒပြုနိုင်ရေးစီစဉ် ထားပြီး မဲရုံအတွက် တာဝန်ယူထား သည့်တာဝန်ကျနေရာများမှ    မဲပေး မည့်ပြည်သူများ  အနှောင့်အယှက်        မဖြစ်စေရေး အဆင်ပြေချောမွေ့စွာ         မဲပေးနိုင်စေရေး ဆောင်ရွက်ပေးကြ သည်။

ဆန္ဒမဲလာပေးသည့်   ပြည်သူများ အား  ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ခဲ့ကြသည်။

ချောင်းဦးမြို့နယ်၌    ဆန္ဒမဲပေး မည့်ပြည်သူစုစုပေါင်း  ၈၈၇၃၀  ရှိပြီး မဲရုံပေါင်း   ၈၆  ရုံရှိကာ   ယနေ့နံနက်         ၆ နာရီမှစတင်၍    စိတ်အေးချမ်း လွတ်လပ်စွာ   ဆန္ဒမဲပေးကြကြောင်း  သိရသည်။ 

ဝင်းမြင့်အောင်(ပြန်/ဆက်)