အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အလုံ

Listing Description

အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း အလုံမြို့နယ် (ရှေးအခေါ်အဝေါ် = ကူရှင်ကျောင်း) သည် အမှတ် ၅၇၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။ ဤကျောင်းတွင် သူငယ်တန်းမှ ဒသမတန်း အထိ ပညာသင်ကြားနိုင်သည်။ အလုံကူရှင်ကျောင်း(ယခု အလုံ အထက ၄)သည် ကိုလိုနီခေတ်ဦးကာလက ထင်ရှားသော စာသင်ကျောင်း တစ်ကျောင်း ဖြစ်သည်။ ကူရှင်ကျောင်းကို အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့က ၂၈ မေ ၁၈၇၂ တွင် ယူနိုက်တက် ခရစ်ယာန် အထက်တန်းကျောင်း (United Christian High School) အဖြစ် စတင်တည်ထောင်စဉ် ကျောင်းသား ၁၇ ဦးသာ ရှိသည်။ ၁၈၉၄ တွင် ကာလကတ္တားတက္ကသိုလ်၏ ဥပစာတန်း စာမေးပွဲအတွက် စတင် သင်ကြားပေးရာ ဘက်ပ်တစ် ကောလိပ်ဟု အမည်တွင်ခဲ့ပြီး‌နောက် ၁၉၀၉ တွင် ဘီအေတန်း တိုးမြှင့်သည်။ ယင်းကျောင်းကို ကျောင်းအုပ်ဆရာကြီး Mr.J.N Cushing)(၁၈၉၄-၁၉၀၆)ကို အစွဲပြု၍ ကူရှင်အထက်တန်းကျောင်းဟုလည်း ခေါ်သည်။ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခုလည်းဖြစ်သည်။