နောင်တော်ကြီး၊ နောင်တော်လေးစေတီ

Listing Description

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင် တည်ရှိပါသည်။ ရှေးယခင်က ယခုနောင်တော်လေးစေတီတည်ရှိသော နေရာသို့ ရဟန္တာ ၇ ပါးကြွရောက်သီတင်းသုံးခဲ့ရာ ထိုရဟန္တာများ ပြန်ကြွသွားပြီးချိန်၌ နေကထိုင်(အခင်း)များ ကျန်ရှိခဲ့ရာ ထိုနေကထိုင်များကို ဌာပနာ၍ နောင်တော်လေးစေတီတော်ကို ကျိုက်ဒုံမြို့သူမြို့သားများက တည်ထားကိုးကွယ်ခဲ့ကြသည်ဟု သိရပါသည်။ နောင်တော်ကြီးစေတီမှာ ယခင်ရှိပြီးသော ရှေးဟောင်းဘုရားငုတ်တိုကိုငုံ၍ တည်ထားခြင်းဖြစ်သည်ဟု သိရပါသည်။