မိနန်းအပ်ဘုန်းကြီးကျောင်း

Listing Description

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မိနန်းအပ်ကျေးရွာတွင် တည်ရှိသည့် နှစ်ပေါင်း ၁၁၀ ကျော်သက်တမ်းရှိ ဘုန်းကြီးကျောင်း ဖြစ်ပါသည်။ မိနန်းအပ်ကျေးရွာရှိ ကရင်တိုင်းရင်းသားများမှ စုပေါင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ပျဉ်းကတိုးတိုင်လုံးပေါင်း ၃၀ ကျော်အသုံးပြု၍ ဆောက်လုပ်ထားသော ဘုံသုံးဆင့်ပါ အဆောက်အအုံဖြစ်ပြီး ဘုရားဆောင်၊ သံဃာတော်ဆောင်၊ ဒကာများနေရန်အဆောင်၊ ဒကာမများနေရန်အဆောင်ဟူ၍ အဆောင်လေးဆောင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ကျောင်းတော်ကြီးတွင် ရှေးဟောင်း အုတ်ခွက်ဘုရားများကိုလည်း လေ့လာဖူးမြင်နိုင်ပါသည်။