ဝါဝါဝင်းရွှေ

Listing Description

ဝါဝါဝင်းရွှေကို ၁၉၄၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဦးထွန်းရွှေနှင့် ဒေါ်သန်းတင်တို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အငယ်ဆုံးသမီး ဖြစ်သည်။ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

အသက် ၁၆ နှစ်အရွယ်တွင် စိတ် ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ဇာတ်ကားပေါင်းရာကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပေါင်း ၅၀ ကျော်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ချစ်သမီး (၁၉၆၅)၊ ချောင်းကိုပစ်၍ မြစ်ကိုရှာ (၁၉၆၉)နှင့် မိန်းကလေးရှင်ရဲ့ဆန္ဒ (၁၉၇၇) ဇာတ်ကားတို့ဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို သုံးကြိမ်ရရှိခဲ့သည်။

ပထမဦးဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သော "ချစ်သူဝိုင်းဝိုင်းလည်" ဇာတ်ကားသည် အောင်မြင်မှုများရရှိခဲ့ပြီး သူမနှင့်အတူ ဇာတ်ကားထဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသားဦးညွှန့်ဝင်းသည် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ 

ကက်ဆက်အသံဇာတ်လမ်းများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး "လှတောသားနဲ့ဈေးချိုသူ၊ ပေါက်ကျော်မ၊ မျှော်ဆဲမျှော်ယောင်၊ တောသားလေးရဲ့ချစ်ဒုက္ခ စသည့်အသံဇာတ်လမ်းပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၁၉၇၀ ခုနှစ်တွင် ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ဆုထူးပန်ရုပ်ရှင်ရုံ၏ ပိုင်ရှင်လည်းဖြစ်သည်။

ဝါဝါဝင်းရွှေသည် သရုပ်ဆောင်တစ်ဦးဖြစ်သော ဦးသန်းထွဋ်နှင့် ၁၉၇၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ဝင်းထွဋ်ဝင်းနှင့် ဝါဇင်အမည်ရှိ သားနှစ်ဦး ထွန်းကားခဲ့သည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2023-03-03 03:16:57

မောင်နှမလေးယောက်ထဲတွင် အငယ်ဆုံးဖြစ်သည်။ အင်္ဂလိပ်မက်သဒစ် ကျောင်းက ယခု ဒဂုံ(၁)ပါ