မြသိန်းတန်စေတီ (ဝါးခယ်မ)

Listing Description

မြသိန်းတန်စေတီကို ဝါးခယ်မမြို့သို့ မြစ်ကြောင်းမှ ဝင်လျှင်ဝင်ချင်း မြို.ဦးထိပ်တွင် တွေ့ရှိနိုင်ပါသည်။ မြတ်ဗုဒ္ဓနှင့် ရဟန္တာ တို့၏ ဓါတ်တော်များ ရတနာပစ္စည်းများ ဌာပနာထားရာ သိန်းတန်သည့် မြတစ်လုံး ပါခဲ့သဖြင့် ဆရာတော် ဦးမေဓာ က မြသိန်းတန် စေတီတော်ဟု ဘွဲ.မည်ပေးခဲ့ပါသည်။ ၁၂၅၃ ခုနှစ်က ဉာဏ်တော်အမြင့် ၁ဝ၉ ပေနှင့် မြေစိုက်စေတီ ဖြစ်သော်လည်း လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် မြစ်ကမ်းနံဘေး တင့်တယ်စွာ စံပယ်နေပြီး မြို့ကျက်သရေဆောင် ကြေးသွန်းရုပ်ပွားတော်ကြီးလည်း ကိန်းဝပ်စံပယ်နေပါသည်။ တင်ပျဉ်ခွေအထိုင် ဘူမိဖဿမုဒြာဟန်နှင့် ဉာဏ်တော်ကိုးတောင်ရှိ ကြေးသွန်းရုပ်ပွားတော်ကြီးကို ကြေးပိဿာချိန် ၉၉၉၉ ပိဿာ ၉၉ ကျပ် ကိုးမူးသားဖြင့်  သက္ကရာဇ် ၁၂၅၂ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်တွင် စတင်တည်ထားခဲ့ပြီး  ၁၈၉၁  ခုနှစ် မတ် ၂၃ ရက်တွင် ပြီးဆုံးခဲ့သော ကြေးသွန်းဘုရားကြီးကို သကျမဟာသီရိဘုရားကြီးဟု ဘွဲ့အမည်တင်လှူခဲ့၏။ ဘုရားကြီးနှင့် ပတ်သက်၍ နဝင်းငါးလီကျ နေသည်ကို တွေ့ရ၍  ဧရာဝတီတိုင်းဒေသကြီး၌ ရှားရှားပါးပါး ထင်ရှားခဲ့ပါသည်။