ကြက်ခေါင်းစားစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၊ ရွာဆဲရပ်၊ မူယာပင်ရပ်ကွက်နယ်မြေ၊ ရတနာမာရ်အောင်လမ်း၊ သရေခေတ္တရာပျူရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိပါသည်။ သရေခေတ္တရာမင်းဆက် ၂၇ ဆက်မြောက် မင်းဖြစ်သော ငါတစ်ပါးမင်း တည်ထားကိုးကွယ်ခဲ့သည့် စေတီ ၁၂ ဆူအနက် ရှေးဦးစွာ တည်ထားခဲ့သော စေတီတော်ဖြစ်သည်ဟု သိရပါသည်။ ငါတစ်ပါးမင်းသည် ငယ်စဉ်က ကြက်၏ဦးခေါင်းကို စားခဲ့ရပြီး မင်း ဖြစ်မည်ဟု အတိတ်နိမိတ်များဖြစ်ပေါ်ခဲ့ကြသဖြင့် ကြက်ခေါင်းစားစေတီဘွဲ့မည်ခေါ်သည်ဟုဆိုသည်။ စေတီတော်ကြီးမှာ နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် စေတီတစ်ခုလုံး ဆွေးမြည့်ပျက်စီးခဲ့ရသည်။ ၂ဝဝ၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ ကြက်ခေါင်းစားဘွဲ့မည်ပျောက်ကာ မဟာအတုလအောင်တံခွန် ဟူသော ဘွဲ့မည်သစ်ပေါ်ထွန်းပြီး ယခင် ဉာဏ်တော်အမြင့်ပေ ၆၀ မှ ၁၀၄ ပေသို့တိုးမြှင့် တည်ထားကိုးကွယ်ခဲ့သည်။