မော်လမြိုင်ကျွန်း-ဝါးခယ်မ-ပုသိမ်လမ်းပေါ်ရှိ ကျွန်းကုန်းတံတား တည်ဆောက်မှု ၂၈ ရာခိုင်နှုန်း ပြီးစီး

Listing Description

မော်လမြိုင်ကျွန်း အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သို့အချိန်တို အတွင်း သွားရောက်နိုင်မည့် မော်လမြိုင်ကျွန်းဝါးခယ်မ-ပုသိမ် တိုက်ရိုက်လမ်းမကြီး၏ အိမ်မဲ -ဝါးခယ်မ အဝေးပြေးလမ်းမပေါ်ရှိ ကျွန်းကုန်းမြစ်ကူးတံတားကို တံတားဦးစီး ဌာန တည်ဆောက်ရေးအဖွဲ့ (၂) ညောင်ဦးက တာဝန်ယူတည်ဆောက်လျက်ရှိရာစက်တင်ဘာ ၃၀ရက်အထိ၂၈ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်သည်။

ယင်းကျွန်းကုန်းမြစ်ကူးတံတားသည် အရှေ့ ဘက်ခြမ်း မြို့နယ်များဖြစ်သော ဖျာပုံဘိုကလေး-ကျိုက်လတ်-ဒေးဒရဲနှင့် မော်လ မြိုင်ကျွန်းမြို့နယ်များမှ အနောက်တောင်ဘက် ခြမ်း မြို့နယ်များဖြစ်သော ဝါးခယ်မ-မြောင်းမြ နှင့် ပုသိမ်မြို့တို့အထိ အချိန်တိုတိုဖြင့် တိုက်ရိုက်သွားလာနိုင်သော မော်လမြိုင်ကျွန်း -  ဝါးခယ်မ-ပုသိမ် ဒုတိယဆက်သွယ်ရေး အဝေးပြေးလမ်းမကြီးဖြစ်သည်။

အဆိုပါ ကျွန်းကုန်းမြစ်ကူးတံတားသည် မော်လမြိုင်ကျွန်းမြို့နယ်ကျွန်းပြဿဒ် မြစ်ကူး တံတားမှ ဝါးခယ်မမြို့အထိ ၁၀ မိုင်၊ ဝါးခယ်မ မြို့မှ ကျွန်းကုန်းတံတားအထိ ၁၁ မိုင် ၄ ဖာလုံ၊ ကျွန်းကုန်းတံတားမှ မြောင်းမြမြို့အထိ ၃၄ မိုင်သာ ကွာဝေးပြီး ကျွန်းကုန်းတံတားမှ ပုသိမ် မြို့သို့ မော်တော်ယာဉ်ဖြင့် ၄၅မိနစ်သာ သွားရ မည်ဖြစ်သည်။

ကျွန်းကုန်း မြစ်ကူးတံတားသစ်သည် တံတားအရှည် ၇၈၇ ပေ၅လက်မ၊ ယာဉ်သွား လမ်းအကျယ်၂၄ ပေ၊ လူသွားအကျယ် တစ်ဖက် သုံးပေစီရှိပြီး သံကူကွန်ကရစ် သံမဏိသံပေါင် တံတားအမျိုးအစားဖြစ်ကာ၂၀၂၁ ခုနှစ်အတွင်း ပြီးစီးရန်လျာထား ကြိုးပမ်းတည်ဆောက်လျက်ရှိရာ တံတားသစ်ဖွင့်လှစ်ပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၏ ဒေသထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်သည်။

မော်ကျွန်းမြင့်အောင်