ကန်လယ်ရွှေဟင်္သာ‌စေတီ

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ စာတိုက်လမ်းတွင် တည်ရှိပါသည်။ စေတီတော်ကို သာသနာသက္ကရာဇ် ၁၉၂၁ ခုနှစ်၊ ကောဇာသက္ကရာဇ် ၇၃၉ ခုနှစ်တွင် နန်းတက်ခဲ့သော ပင်းယခေတ် မင်းကြီးမျက်နှာရှည်က တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်၏ ဗိသုကာလက်ရာမှာ ရှစ်မြှောင့်ပစ္စယာတွင် စေတီလုံးပေါက်ထားသည့် သဏ္ဌာန်ဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်များပါရှိသည့် မှန်ပေါက်ငယ်ရှစ်ခုနှင့် စေတီရံရှစ်ဆူ ပါရှိပါသည်။ ရှေးယခင်က စေတီတော်၏ ဘွဲ့တော်အား ရွှေဟင်္သာကုန်းစေတီဟု ခေါ်တွင်ခဲ့ပြီး ယခုအခါတွင် ကန်လယ်ရွှေဟင်္သာစေတီတော်ဟု ပြောင်းလဲ ခေါ်တွင်လျက်ရှိပါသည်။