ပိတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

Listing Description

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် တည်ရှိသည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၂၂.၇ စတုန်ရန်းကီလိုမီတာ ကျယ်ဝန်းသည်။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ၈၀% နှုန်းကို အမြဲစိမ်းတောများဖုံးလွမ်းထားသည်။ ခြိမ်းခြောက်ခြင်းခံနေရသော ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်ရည်ရွယ်၍ တည်ထောင်ခဲ့ပြီး ကျားသစ်၊ ပြောင် (Gaur) (Bos gaurus)၊ ဆတ်(Sambar Deer)၊ ဒရယ်(Hog Deer)၊ တောဝက်( Wild Boar)၊ ဟိမဝန္တာဝက်ဝံ (လဝက်ဝံ(သို့)ဝက်ဝံရင်ခေါင်းဖြူ) (Asiatic Black Bear)၊ မျောက်စပ်(Rhesus Macaque)၊ မျောက်လွဲကျော်မျက်ခုံးဖြူ၊ Wreathed hornbill၊ Oriental pied hornbill များကျက်စားနေထိုက်လျက်ရှိသည်။