ဟူကောင်း ကျားထိန်းသိမ်းရေးနယ်မြေ

Listing Description

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် တနိုင်းမြို့အနီးရှိ ဟူးကောင်းတောင်ကြားတွင် တည်ရှိသည်။ ၂၁,၈၉၀ စတုရန်း ကီလိုမီတာ (စတုရန်းမိုင်ပေါင်း ၈၄၅၂ ခန့်) ကျယ်ဝန်းသည်။ တောင်ကြား အတွင်းရှိ အကျယ် စတုရန်း ကီလိုမီတာ ၆၅၀၀ ကိုလည်း သစ်တော ထိန်းသိမ်းသည့် နယ်မြေ အဖြစ်သတ်မှတ်ထားသည်။ အမြဲစိမ်းတောများဖြင့် ဖုံးလွှမ်းထားပြီး အခြားသစ်တောအမျိုးအစားများမှာ ရွက်ကြွေတော၊ တောင်ပေါ်တော(အမြဲစိမ်း)၊ တောင်ပေါ်တော(ထင်းရှူး)ဖြစ်ကြသည်။ ဟူးကောင်း ဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန်လေ့လာလိုသူများ အနေဖြင့် ကျားအပြင် ကျားသစ်၊ အင်းကျား၊ ဆင်၊ ဝက်ဝံ၊ တောကျွဲ၊ ပြောင်၊ ဆတ်၊ ချေ၊ (ဂျီ)၊ တောကြောင်မျိုးများ၊ မျောက်မျိုးများ၊ တောဆိတ်၊ တောင်ဆိတ်အပါအဝင် နို့တိုက်သတ္တဝါ ၃၅ မျိုး၊ ငှက် မျိုးစိတ် ၃၇၀ ကျော်၊ ဖားမျိုး ၄၆ မျိုး၊ ရေချိုငါး မျိုးစိတ် ၃၇ မျိုး၊ လိပ်မျိုးလေးမျိုး၊ လိပ်ပြာအမျိုးမျိုးအပြင် အပင် မျိုးစိတ် ပေါင်း ၁၃,၅၀၀ ခန့် လေ့လာနိုင်ကြောင်း သိရသည်။ သစ်တောရုံးဝန်းအတွင်း၌ ဧည်ဂေဟာ နှစ်လုံးရှိပြီး တစ်လုံးစီတွင် ဧည့်သည် ၂ ဦးစီ တည်းခိုနိုင်သည်။

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

- သဘာဝအနေအထားနီးပါးရှိနေခြင်းနှင့်ဇီဝမျိုးစုံ ကြွယ်ဝသည့် အနေ အထားကို လေ့လာ ကြည့်ရှုနိုင်ခြင်း၊

- ကျားနှင့်ဆင်အပါအဝင်တောရိုင်းတိရစ္ဆာန်များအားလေ့လာနိုင်ခြင်း၊

- တောတွင်းသို့ ဆင်စီး၍ ရက်ရှည်ခရီးသွားနိုင်ခြင်း၊

- ချောင်းလက်တက်များတလျှောက် လှေစီးစုန်ဆင်းခြင်း၊

- ဆင်ဖြင့် လယ်ထွန်သည့်လုပ်ငန်း များလေ့လာနိုင်ခြင်း၊

- တိုင်းရင်းသားရိုးရာနေအိမ်များတွင်တည်းခိုနေထိုင်နိုင်ခြင်း၊

- နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် ပြောင်းလဲသွားသော သဘာဝ ရှုခင်း များအား ကြည့်ရှုခံစားနိုင်ခြင်း၊

- ဇီဝမျိုးစုံမျိုးကွဲများ လေ့လာနိုင်ခြင်း။