ဝါးရုံတောအပန်းဖြေစခန်း

Listing Description

ဝါးရုံတောအပန်းဖြေစခန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာအနီး တည်ရှိသည်။ အောင်မြင်သာအပန်းဖြေစခန်းဟု လူသိများထင်ရှားပြီး ဝါးရုံတောများဖြင့် စိမ်းစိမ်းစိုစိုရှိကာ အပန်းဖြေစခန်း၏ အလယ်မှ ကျောက်တုံးကျောက်ခဲများနှင့် သဘာဝအတိုင်း စီးဆင်းနေသောချောင်းကလေးတွင် ရေဆော့ကစားနိုင်ပြီး စားသောက်ဆိုင်များနှင့် အနားယူရန်တဲငယ်များမှာ ထိုချောင်းနှင့် ကပ်လျက်ရှိသဖြင့် အနားယူအပန်းဖြေရင်း စားသောက်နိုင်ပါသည်။ မြစ်ဆုံအသွားလမ်းတွင်တည်ရှိသော အောင်မြင်သာစံပြကျေးရွာတွင် ဝါးရုံတောအပန်းဖြေစခန်းအပြင် သံယောဇဉ်ကြိုးတံတားသို့လည်း ဝင်ရောက်လည်ပတ်နိုင်ပါသည်။ ၎င်းဝါးရုံတောအပန်းဖြေစခန်းကို ၂၀၁၂ ခုနှစ်ခန့်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် နေ့စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိပါသည်။