မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟောင်း

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်၊ အမှတ် (၂၄/ ၂၆) တွင် တည်ရှိသည်။ ဂန္တဝင်ခေတ်ဆန်း ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသော ထိုအဆောက်အအုံကို G Douglas Smart မှ ဒီဇိုင်းရေးဆွဲ၍ ၁၉၃၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး Reserve Bank of India ၏ ရန်ကုန်ရုံးခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။ ဂျပန်ခေတ်သို့ ရောက်သည့်အခါ ယင်းအဆောက်အအုံကို ဗမာနိုင်ငံတော်ဘဏ် (People's Bank of Burma) အဖြစ် အသုံးပြုခဲ့ပြီး ဂျပန်ခေတ် ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုဘဏ်အဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ ၁၉၅၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပထမဦးဆုံး မြန်မာကျပ်ငွေများကို ယင်းအဆောက်အအုံတွင်ပင် ထုတ်ဝေခဲ့သည်။ ထို့နောက် အဆောက်အအုံကို မြဝတီဘဏ်က နှစ်အတန်ကြာအသုံးပြုခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှစ၍ ရန်ကုန်စတော့အိပ်ချိန်းရုံး အဖြစ် ဖွင့်လှစ်အသုံးပြုလျက်ရှိသည်။ ၂၀၁၇ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ရန်ကုန်မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် အသိအမှတ်ပြု အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခဲ့သည်။