လင်းသိုက်ညွန့် (မြန်မာ့မြေ)

Listing Description

လင်းသိုက်ညွန့် (မြန်မာ့မြေ)ကို ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် အဖ ဦးစိုးအောင်၊ အမိ ဒေါ်သီသီသိုက်တို့မှ ဖွားမြင်သည်။ စာပေလောကသို့ နဝမတန်း၊ အသက် (၁၄) နှစ် အရွယ်တွင် စက်တင်ဘာလ ၂၀၀၀ ပြည့်နှစ်ထုတ် ဗြူတီ (Beauty) မဂ္ဂဇင်းတွင် ‘ကျွန်တော်အကြိုက်ဆုံး စာအုပ်တစ်အုပ်’ ဟူသော ဆောင်းပါးဖြင့် စတင် ဝင်ရောက်ခဲ့သည်။

လုံးချင်းဝတ္ထု (၆)အုပ်၊ ဆောင်းပါးပေါင်းချုပ် (၁၂) အုပ် ထုတ်ဝေခဲ့ပြီး HR ဂျာနယ်၊ အလင်းတန်းဂျာနယ်၊ Hello Journal၊ Knowledge Bridge Magazine၊ Teen Magazine၊ ဆယ်ကျော်သက် မဂ္ဂဇင်း၊ Eternal Light Magazine တို့တွင် ဆောင်းပါး၊ ဝတ္ထုများ၊ လစဉ်၊ အပတ်စဉ် ရေးသားလျက်ရှိကာ ဆောင်းပါးပုဒ်ရေ (၁၀၀၀) ကျော်၊ ဝတ္ထုပုဒ်ရေ (၄၀) ကျော် ရေးပြီးဖြစ်သည်။

Myanmar’s Land Institute နှင့် ML Online Academy တို့၏ CEO နှင့်တည်ထောင်သူဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် London Business University ၏ ပညာရေးအကြံပေးအဖြစ်လုပ်ကိုင်နေပြီး ABEUK) သင်ခန်းစာများလည်း ပို့ချလျက်ရှိသည်။

၂၀၁၂ခုနှစ်အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီဝင်အဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံအနှံ့ စာပေဟောပြောပွဲများဟောပြောခဲ့ပြီး ရုပ်သံနှင့် ရေဒီယိုတို့မှတဆင့် ဟောပြောမှုအစီအစဉ်များကို ထုတ်လွှင့်ခဲ့သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်အောင်မြင်ခြင်း (၂၀၂၀)

တို့မြန်မာတွေအာရှကျားဖြစ်စေဖို့ (၂၀၁၈)

လူငယ်မန်နေဂျာလက်စွဲ (၂၀၁၈)

အောင်မြင်မှုသို့လမ်းမများ (၂၀၁၅)

အိုင်တီကဝေ (၂၀၁၅)