တရားရုံးချုပ် (ရန်ကုန်)

Listing Description

တရားရုံးချုပ်(ရန်ကုန်)သည် အမှတ် ၈၉/၁၃၃၊  မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ၂၀၀၆ ခုနှစ် မတိုင်မီထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ထို တရားရုံးချုပ်အဆောက်အအုံဝင်းအတွင်း တည်ရှိသည်။ တရားရုံးချုပ်အဆောက်အအုံကို ဗိသုကာပညာရှင် James Ransome မှ ဒီဇိုင်းဆွဲခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၁၁ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ ထိုအဆောက်အအုံသည် ဗြိတိသျှ အန်းနီဘုရင်မခေတ် ဗိသုကာလက်ရာပုံစံဖြစ်ပြီး နာရီစင်ပါဝင်ကာ အုတ်နီများဖြင့် အဆောက်အအုံကို တည်ဆောက်ထားသည်။ တရားရုံချုပ်ဟောင်းအဆောက်အအုံသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစားရင်းတွင် ပါဝင်ပြီး မြို့တော်ခန်းမအနီး လွတ်လပ်ရေးကျောက်တိုင် နှင့် မဟာဗန္ဓုလပန်းခြံတို့၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။