ဘန်ဂါလီစွန္နီဂျာမေဗလီဝတ်ကျောင်းတော်

Listing Description

ဘန်ဂါလီစွန္နီဂျာမေဗလီဝတ်ကျောင်းတော် (Bengali Sunni Jamah Mosque) သည် အမှတ် (၉၃)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးတွင် တည်ရှိပြီး ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းဗလီဝတ်ကျောင်းတော်ကို ကိုလိုနီခေတ်တွင် အရှေ့ဘင်္ဂလား (ယခုဘင်္ဂလာဒေ့ရှ်)မှပြောင်းရွှေ့အခြေချနေထိုင်သူများမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ အခြားယူဆချက်တစ်ခုမှာ ကာလကတ္တားမှ ဘင်္ဂလီလူမျိုးများမှ ထိုဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့ကြပြီး နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှ ဘင်္ဂလီများက ဆက်လက်ထိန်းသိမ်းခဲ့သည်ဟု ဖော်ပြသည်။ ထိုအချက်နှစ်ချက်ကို သုံးသပ်၍ ယခု ဘန်ဂါလီစွန္နီဂျာမေဗလီဝတ်ကျောင်းတော် (Bengali Sunni Jamah Mosque)သည် ၁၈၆၂ ခုနှစ်အစောပိုင်းတွင် စတင်တည်ဆောက်ခဲ့သည်ဟု မှတ်သားရပါသည်။ ဗလီဝတ်ကျောင်းတော်တွင် အံ့ဩဖွယ်ရာ အမိုးခုံးနှင့် မျှော်စင်များပါဝင်တည်ဆောက်ထားပြီး ဝတ်ကျောင်းတော်၏ မျက်နှာစာကိုလည်း လှပစွာ ပုံဖော်ထားပါသည်။ ယနေ့ခေတ်တွင် ဘန်ဂါလီစွန္နီဂျာမေဗလီဝတ်ကျောင်းတော်သည် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။