စာပေဗိမာန်

Listing Description

စာပေဗိမာန်သည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်တွင် တည်ရှိသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇-ခုနစ်တွင် ဆိုရန်တိုဗီလာစီမံကိန်း ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီး တစ်ခုထူထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈-ခုနှစ်၊ မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။ စာပေဗိမာန်အဖွဲ့သည်မူလက ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် တည်ရှိခဲ့သည်။ ၁၉၅၅ ခုနှစ်၊ မေလတွင် ကုန်သည်လမ်း (လက်ရှိနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်၊ ဇူလိုင်လတွင် စာပေဗိမာန် စာအုပ်အသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ၁၉၇၂ ခုနှစ် မတ်လတွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့်ပေါင်းပြီး စာပေဗိမာန်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေး ဝန်ကြီးဌာန၏မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာလက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။