မဏိပူရ်မြစ်ပေါ်၌ မံဆောင်ကြိုးတံတားသစ် တည်ဆောက်လျက်ရှိ

Listing Description

ရန်ကုန် အောက်တိုဘာ ၁၀

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး- သိုင်းငင်- တီးတိန်-ရိဒ် လမ်း မဏိပူရ်မြစ်ကိုဖြတ်၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနက ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးကြပ်မှုဖြင့် ယခင် မံဆောင်ကြိုးတံတားဟောင်းဘေးတွင် မံဆောင် ကြိုးတံတားသစ်တစ်စင်းကို တည်ဆောက်လျက် ရှိသည်။

မံဆောင်ကြိုးတံတားသစ်သည် တန် ၆၀ အလေးချိန် ခံနိုင်ပြီး နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအမျိုးအစား ဖြစ်သည်။

ဆုံးဖြတ်ခဲ့

လက်ရှိ မံဆောင်ကြိုးတံတားသည် အလျားပေ ၃၄၀ ရှိပြီး ၂၀၀၁ ခုနှစ်က တည်ဆောက်ဖွင့်လှစ်ခဲ့သော တံတား ဖြစ်သည်။ ခံနိုင်ဝန်မှာလည်း ၁၆ တန်သာ ခွင့်ပြုနိုင်တော့ သဖြင့် ကုန်တင်ကားကြီးများအတွက် အခက်အခဲဖြစ် လျက်ရှိသည့်အပြင် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းများ အခက်အခဲဖြစ်နေသောကြောင့် တံတားသစ် တစ်စင်းထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်

မံဆောင်တံတားသစ်ကြီးပြီးပါက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုပွင့်လန်း လာပြီး ဒေသတွင်းမှပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်သည်။

ခရမ်း-စိုးမြင့်