မံဆောင်းတံတား

Listing Description

ကလေး-တီးတိန်-ရိဒ်ကားလမ်း၊ တီးတိန်မြို့နှင့် ၇ မိုင်ခန့်အကွာရှိ မဏိပူရမြစ်ကူးတံတား ဖြစ်သည်။ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်၊ မတ် ၂ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။ သံမဏိကြိုးတံတား အမျိုးအစားဖြစ်ပြီး တံတားအရှည် ၃၆၀ ပေ၊ တံတားခံနိုင်ဝန်အား ၁၃ တန်ရှိပါသည်။ တံတား၏သက်တမ်းကြာမြင့်လာသဖြင့် ၁၃ တန်အောက်ကားများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ယခုအခါ တံတားအနီး၌ အရှည် ၅၅၇.၇ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန်အား ၆၀ တန်ရှိ နှစ်လမ်းသွား သံကူကွန်ကရစ်အမျိုးအစား တံတားအသစ်တစ်စင်း ဆောက်လုပ်လျက်ရှိပါသည်။