တီးတိန်မြို့ ဘွာလ်းဇန်အားကစားခန်းမ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

Listing Description

တီးတိန် ဒီဇင်ဘာ ၁၄

ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊   သစ်တောနှင့်   သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်း၊      ချင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဖလမ်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း တို့သည်  တီးတိန်မြို့  လွယ်ဘွာလ်း ရပ်ကွက်တွင်   တည်ဆောက်သည့် ဘွာလ်းဇန်အားကစားခန်းမ တည် ဆောက်ပြီးစီးမှုကို ဒီဇင်ဘာ ၁၃ ရက် က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ  အားကစားခန်းမသည် (၁၂၅x၉၀x၃၆)ပေ ပွဲကြည့်စင်အထူး တန်းနှင့် ရိုးရိုးတန်းဖြင့်ဖွဲ့စည်းတည် ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ်  ၂၄၀   သန်းဖြင့် ZOMI Land ကုမ္ပဏီက   တာဝန်ယူ တည်ဆောက်ခဲ့ခြင်း   ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှုနှင့် လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)