မော်လမြိုင်တက္ကသိုလ်

Listing Description

မော်လမြိုင်တက္ကသိုလ်သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ ဥပစာကောလိပ်အဖြစ် ဖွဲ့စည်းခဲ့ကြပြီး ၁၉၆၄ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်အဖြစ် ပြောင်းလဲတိုးမြှင့်ခဲ့သည်။ ထို့နောက် မော်လမြိုင်တက္ကသိုလ်အဖြစ် ၁၉၈၆ခုနှစ်မှသာ ပြောင်းလဲတိုးမြှင့်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။ ၂၀၁၉ ပညာသင်နှစ်မှ စတင်ကာ နေ့သင်တန်းသာမက အဝေးသင် သင်တန်းကိုပါ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။