မဟာမြတ်မုနိဘုရား (လင်းခေး)

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ရှိ သမိုင်းဝင်အထင်ကရ ဘုရားကြီးဖြစ်ပါသည်။ ဘုရားကြီးကို ၁၉၄၃ ခုနှစ်တွင် မန္တလေးမြို့မှ ပင့်ဆောင်လာခဲ့ကာ ဘုရားဝင်းထဲရှိ ညောင်ပင်ကြီးအောက်တွင် တစ်နှစ်ကြာ စံမြန်းခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဘုရားကြီး၏ စံကျောင်းတော်ကို မင်္ဂလာတိုင်ထူပွဲအခမ်းအနားဖြင့် တည်ဆောက်ခဲ့ပါသည်။ ဘုရားပရိဝုဏ်အတွင်း၌လည်း နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်း အာလိန်ငါးဆင့်စေတီတော်ကိုလည်း ဖူးမြင်နိုင်ပါသည်။