ရေပြာရေပူစမ်း

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးမြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာ၊ လင်းခေး-မိုင်းပန်-တာဆန်း သွားမော်တော်ကားလမ်းဘေး၊ နမ့်အွန်ကျေးရွာအနီး လွိုင်စ‌လေ ခေါ် လွိုင်လုံတောင်ခြေတစ်နေရာ၌ တည်ရှိပါသည်။ နမ့်အွန်ကျေးရွာအားအစွဲပြု၍ "နမ့်အွန်ရေပူစမ်း"ဟုလည်း ခေါ်တွင်ပါသည်။ ရေပြာအိုင်ရေပူစမ်းသို့ လာရောက်ကြသူများ အပန်းဖြေအနားယူနိုင်ရန် ရေချိုးကန်များလည်း ပြုလုပ်ပေးထားသည်။ ရေပူစမ်းရေချိုးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး အထူးသဖြင့် အနာရောဂါ(ယားနာ)ဝေဒနာများ သက်သာပျောက်ကင်းစေသည်ဟု သိရပါသည်။ လင်းခေးဒေသသည် နွေရာသီကာလ၌ ပူပြင်းလွန်းသည်ဟု ခံစားရနိုင်သကဲ့သို့ ဆောင်းရာသီကာလတွင်လည်း အေးလွန်းသည့် ရာသီဥတုဖြစ်သဖြင့် ယင်းရေပြာရေပူစမ်းတွင် ဆောင်းရာသီကာလ၌ ရေချိုးအပမ်းဖြေ၊ အနားယူလာရောက်သူများဖြင့် စည်ကားလျက်ရှိပါသည်။