နားလင်းဂူ

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့တောင်ဘက် ၄ မိုင်ခန့်အကွာတွင်တည်ရှိပြီး လင်းခေး–၀မ့်ဟတ်ကားလမ်း အရှေ့ဘက်တွင်တည်ရှိပါသည်။ နားလင်းဂူအား ၂၀၁၅ ခုနှစ်တွင် မိုင်းဖုန်းဆရာတော်၏ မိန့်ကြားမှုဖြင့် ဒေသခံများသွားရောက်ရှာဖွေကာ ချုံနွယ်များရှင်းလင်း၍ ဂူအတွင်း၌ ဘုရားဆင်းတုတော်များ တည်ထားကိုးကွယ်ထားပါသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ယန်းကလေး လူမျိုးများ စစ်ဘေးရှောင် နေထိုင်သည့် နေရာဖြစ်သောကြောင့် ယင်းဂူ၏ မူရင်းအမည်သည် ကလေးဂူဟု အမည်တွင်ကြောင်း သိရပါသည်။ ဂူအနီး၌လည်း ရေပူ ရေအေးထွက်ရှိပါသည်။