ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် တည်ရှိပြီး ၀.၈၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ၁၉၇၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရွက်ကြွေတောနှင့် အမြဲစိမ်းတော သစ်တောအမျိုးအစားဖြစ်သည်။ လိပ်လောင်း(Olive ridley sea turtle)၊ ပြင်သာလိပ်(Green sea turtle)၊ လိပ်ခွေး(Loggerhead sea turtle)၊ လိပ်စောင်းလျား(Leatherback sea turtle)၊ လိပ်စွန်(Hawksbill sea turtle) များ ကျက်စားနေထိုင်ကြသည်။
ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ
- ဒီရေတောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း
- ရေပျော်ငှက်များ၊ ကုန်းတွင်းပိုင်းဌာနေငှက်များ၊ ရာသီအလိုက် ရွေ့ပြောင်းလှုပ်ရှားသော ဆောင်းခိုငှက်များကို လေ့လာကြည့်ရှုနိုင်ခြင်း၊
- ပင်လယ်လိပ်ကြီးများ ဥ ဥချခြင်းကို လေ့လာနိုင်ခြင်း။