ကျောက်ကလပ်

Listing Description

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဒီဒူးကုန်းကျေးရွာအုပ်စုတွင် တည်ရှိသည့် ကျောက်ကလပ်ကမ်းခြေမှာ သဘာဝရေညှိများဖြင့် အမြင်ဆန်းသော မြင်ကွင်းရှုခင်းကောင်းများကို တွေရှိခံစားနိုင်စေသည့် ကမ်းခြေကောင်းလေး တစ်ခုဖြစ်ပါသည်။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် အစိမ်းရောင် ရေညှိများ အစိမ်းဆုံးအချိန်ဖြစ်ပြီး ကျန်အချိန်များတွင်  အစိမ်းရောင်လျှော့နည်းသွားတတ်သည်။ ရေညှိစိမ်းပြင်ကြီးကို ဒီရေကျချိန်တွင်သာ တွေရပြီး ဒီရေပြည့်ချိန်၌ ပင်လယ်ရေအောက်ရောက်သွားသဖြင့် မတွေ့နိုင်ပါ။ ဒီဒူးချိုင်ကမ်းခြေ၊ ဓားသွေးကျောက်ကမ်းခြေနှင့် မေဓာအိုင်ကမ်းခြေတို့မှာ ထင်ရှားပြီး ထိပ်စွန်း၊ ကျောက်ကလပ်စေတီ၊ ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊ တံငါလုပ်ငန်းတို့မှာလည်း လေ့လာစရာ၊ အမှတ်တရ ဓာတ်ပုံရိုက်စရာ နေရာများဖြစ်ကြသည်။