နေပြည်တော်ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများတွင် ခရီးစဉ်ဒေသများ ဖော်ဆောင်နိုင်ရေး ကွင်းဆင်းကြည့်ရှု

Listing Description

နေပြည်တော် ဒီဇင်ဘာ ၁၀

နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ပိုင်းက နေပြည်တော် ပျဉ်းမနား မြို့နယ်အတွင်းရှိ ကရင်၊ ပအိုဝ်းနှင့် ကယန်းစသည့် တိုင်းရင်းသားအများစု နေထိုင်သော ကျေးရွာ ၁၁ ရွာဖြစ် သည့် ပြည်ထောင်ကို ကျေးရွာအုပ်စု အတွင်းရှိ ဝေသာလီကျေးရွာ၊ ပြဒါးချောင်းကျေးရွာနှင့် မြသီတာကျေးရွာ များသို့ သွားရောက်ကွင်းဆင်းကြည့်ရှု သည်။

သွားရောက်စဉ် ၎င်းကျေးရွာများ အနီးမှ မြင်တွေ့နိုင်သော ခရီးသွား ဆွဲဆောင်မှု တစ်ခုဖြစ်သည့် တိမ် ပင်လယ်ရှုခင်းကိုကြည့်ရှု၍ ခရီးသွား များအတွက် အပန်းဖြေနေရာ တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေးနှင့် အဆိုပါ ကျေးရွာများအတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism), Trekking and Adventure Tourism နှင့် သဘာဝ အခြေခံခရီးသွားများ ဆွဲဆောင်မှုရှိသော ခရီးစဉ်များအဖြစ် ဆောင် ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ကျေးရွာ အတွင်းနေထိုင်ကြသော တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရာတွင် လုပ်ဆောင်ရမည့် အခြေခံသဘောတရားများ၊ ခရီးသွား လုပ်ငန်းမှရရှိလာမည့် အကျိုးကျေးဇူး များ၊ ခရီးသွား အသိပညာများ၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ် ရေး စသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက် စေရေးနှင့် ခရီးသွားမှတစ်ဆင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း တို့ကို ရှင်းလင်းပြောကြား ဆွေးနွေး သည်။

ဆက်လက်၍ မြသီတာကျေးရွာရှိ ခုနစ်ဆင့် ရေတံခွန်သို့ သွားရောက်ပြီး ခရီးသွားများ ကန့်သတ်ထားသည့် ကာလအတွင်း ဒေသတွင်းခရီးသွား များ အပန်းဖြေအနားယူနိုင်စေရန် နှင့် ကိုဗစ်-၁၉ အလွန် ကာလတွင် ပြည်တွင်းပြည်ပ ခရီးသွားများလာ ရောက်လည်ပတ်သည့်အခါ ကောင်းမွန်သော အပန်းဖြေနေရာ တစ်ခုဖြစ်စေ ရေးအတွက် ရည်ရွယ်၍ ရေတံခွန် ပတ်ဝန်းကျင် သာယာလှပစေရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးမှုမရှိစေဘဲ ရေရှည်တည်တံ့ ခိုင်မြဲစေရေးနှင့် ရေတံခွန်သို့သွားရာ လမ်းတစ်လျှောက် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ရေတံခွန်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အန္တရာယ်မဖြစ်စေရေးတို့ကို ကျေးရွာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်သော အကူအညီများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပြဒါးချောင်းကျေးရွာ အထက်ရှိ ညောင်လျှောက်ပင်သို့ သွားရောက်ကြည့်ရှု၍ ခရီးစဉ်အတွင်း ထည့်သွင်းဆောင်ရွက်နိုင်ရေး ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ကျေးရွာ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်