ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ငါးကျီးကွန်ကရစ်တံတားဖွင့်ပွဲ ကျင်းပ

Listing Description

မိုးညို ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် မိုးညိုမြို့နယ် ငါးကျီးကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက မြို့နယ် ချင်းဆက်ကျေးရွာချင်းဆက် ငါးကျီး ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

အဆိုပါတံတားသည် မြစ်မခ မြစ်ကိုဖြတ်၍ ပေ ၄၀ ရှစ်ခန်း ပါရှိ သော အရှည် ပေ ၃၂၀၊ အကျယ် ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး မိုးညိုမြို့နယ်

ထန်းပင်ကုန်းအုပ်စု ငါးကျီးကျေးရွာ နှင့် ရွာသာယာကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော တံတား ဖြစ်သည့်အပြင် မိုးညိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်သို့ ဆက်သွယ် သော မြို့နယ်ချင်းဆက်တံတားလည်း ဖြစ်သည်။

ငါးကျီးကွန်ကရစ် တံတားကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၆၁၄ ဒသမ ၄၀ ဖြင့် မိုးညိုမြို့နယ် ကျေးလက် လမ်းဦးစီးဌာနက ကြီးကြပ်၍ ဟန်သီရိဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူကာ ၂၀၂၀ ပြည့်နှစ် ဇန်န ဝါရီ ၂၀ ရက်က စတင်တည်ဆောက် ခဲ့ပြီး ဇူလိုင် ၁၆ ရက်၌ တည်ဆောက် ရေးလုပ်ငန်းများအားလုံး ပြီးစီးခဲ့ ကြောင်း သိရသည်။

တံတားဖွင့်ပွဲတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင် ကျော်လူက တံတားနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်း တင်ပြကာ မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကို က ကျေးဇူးတင်စကား ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် ရင်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဝင်းမြင့်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။

ငါးကျီးတံတားသည် ကျေးရွာ အုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၆၅ ရွာ၊ အိမ်ခြေ ၉၀၈၉ အိမ်၊ လူဦးရေ ၃၈၅၀၃ ဦးအား အကျိုးပြုနိုင်မည် ဖြစ်ပြီး တံတားမတည်ဆောက်မီ တွင် မိုးညိုမြို့နယ်မှ ကြို့ပင်ကောက် မြို့နယ်သို့ သွားလာရာတွင် (၃၇/၀) မိုင်ခန့်ကွာဝေး၍ တံတားတည်ဆောက် ပြီးစီးချိန်တွင် (၂၂/၄) မိုင်ခန့်သာ ကွာဝေးတော့သဖြင့် (၁၄/၄) မိုင် သက်သာသွားသည့်အပြင် ဒေသတွင်း နေထိုင်သူပြည်သူများ တစ်နေရာ နှင့်တစ်နေရာ အချိန်တိုတွင်း လွယ်ကူ စွာ ဆက်သွယ်သွားလာနိုင်ကာ စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)